ကူကီးချင်းတို့ သမိုင်း
ကူကီးလူမျိုးတို့သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် ဟန်လင်း (Hatlen) တို့မှတဆင့် အထက်ချင်း တွင်းမြစ်၏ အနောက်ဘက်ကမ်းဒေသများ၊ ချင်းတောင်တန်းမြောက်ပိုင်းဒေသများ၊ နာဂတောင်တန်းဒေသ များ၊ မဏိပူရပြည်နယ်ရှိ တောင်တန်းဒေသများ၊ နာဂပြည်နယ်ရှိ Ahthibung, Kanjang ဒေသများ၊ အသံ ပြည်နယ်ရှိ Karbi-Anglong ဒေသများအတွင်း ရှေးအကျဆုံး ဝင်ရောက်အခြေချ နေထိုင်လာခဲ့ကြသည့် ဌာ နေတိုင်းရင်းသားလူမျိုးများ ဖြစ်ကြသည်။
ကူကီးလူမျိုးတို့သည် ရှေးပဝေသဏီကပင် ကိုယ်ပိုင်နယ်မြေဒေသ(Zale'n-gam)တွင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ဘိုးစဉ်ဘောင်ဆက် လွတ်လပ်အေးချမ်းစွာ ရပ်တည်နေထိုင်လာခဲ့ကြသော လူမျိုးတစ်မျိုး ဖြစ်သည်။ ကူကီးလူမျိုးတို့ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်နေထိုင်လာခဲ့ကြသော နယ်မြေများမှာ အရှေ့ဘက်တွင် အထက်ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းတလျှောက်၊ ကလေးကဘော်ဒေသမှ နာဂတောင်တန်းဒေသ အထိနှင့် ချင်းတောင်တန်းမြောက်ပိုင်းဒေသတို့ ပါဝင်သည်။ အနောက်ဘက်တွင် မဏိပူရပြည်နယ်ရှိ တောင် တန်းဒေသများ၊ နာဂပြည်နယ်ရှိ Ahthibung, Kanjang ဒေသများ၊ အာသံပြည်နယ်ရှိ Karbi-Anglong ဒေသ တို့ ပါဝင်ပြီး စတုရန်းမိုင်ပေါင်း (၆,၀၀၀)ကျော် ကျယ်ပြန့်သည်။
ကူကီးလူမျိုးတို့သည် ပြည့်စုံကြွယ်ဝသော ကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများနှင့် တရားစီရင်ထုံးများကိုလည်း သီးခြားပိုင်ဆိုင်ခဲ့ကြပြီး လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး စသည်တို့ တွင် မည်သည့်လူမျိုးခြားကိုမျှ အားကိုးမှီခိုခြင်းမရှိဘဲ သမိုင်းစဉ်တလျှောက်လုံး လွတ်လပ်စွာ ရပ်တည်လာခဲ့ ကြသည်။ ကူကီးလူမျိုးတို့သည် မိမိတို့၏ ဘိုးဘွားပိုင်နယ်မြေများအတွင်း သက်ဆိုင်ရာမျိုးနွယ်စု (Haosa) ဟွောင်ဆာ အကြီးအကဲတို့၏ စီမံအုပ်ချုပ်မှု အောက်တွင် စည်းလုံးညီညွတ်စွာဖြင့် စိုးရိမ်ကြောင့် ကျခြင်း မရှိဘဲ လွတ်လပ်စွာ ရပ်တည်လာခဲ့ကြသည်မှာ နယ်ချဲ့အင်္ဂလိပ်တို့၏ ကျူးကျော်သိမ်းပိုက်မှု မခံရမီအချိန် ထိပင်ဖြစ် သည်။
နယ်စားပယ်စားများဖြစ်ကြသော ကူကီးအကြီးအကဲ (Haosa)ဟွောင်ဆာများသည် ဗြိတိသျှနယ်ချဲ့တို့၏ ကျူးကျော်မှု အပေါ်တွင် ခုခံတိုက်ခိုက်သင့် မတိုက်ခိုက်သင့် ဆုံးဖြတ်ရန် တမျိုးသားလုံးကို ကိုယ်စားပြုသည့် အစည်းအဝေးများကို ဒေသအတွင်းရှိ Chahsat, Longjaနှင့် Jampiတို့တွင် သုံးကြိမ်တိုင်အောင် ပြုလုပ် ကျင်းပခဲ့ကြသည်။ ယင်းအစည်းအဝေးပွဲများမှ (Haosa) ဟွောင်ဆာ အကြီးအကဲတို့၏ ဆုံးဖြတ်ချက်များအ ရ နယ်ချဲ့အင်္ဂလိပ်တို့၏ ကျူးကျော်စစ်ကို အမိမြေမှ စစ်ကြောင်း(၄)ကြောင်းဖြန့်ကျက်ကာ ခုခံတွန်းလှန်တိုက် ခိုက်ကြရန် သဘောတူညီခဲ့ကြသည်။
နယ်ချဲ့အင်္ဂလိပ်တို့သည် ကူကီးဘိုးဘွားပိုင်မြေကို ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ရန် ဗြိတိသျှ စစ်ဗိုလ် ချုပ် Lieutenant General Sir. Henry D.U.Keary အား ဦးဆောင်စေခဲ့ပြီး ၎င်း၏ ဦးဆောင်မှုအောက်တွင် ဗိုလ်မှူးချုပ် Brigarial Macquidအား စစ်ဦးစီးချုပ်အဖြစ်ခန့်အပ်ကာ ၎င်းတို့ လက်အောက်ခံကိုလိုနီစစ်တပ် များဖြစ်ကြသော Burma Military Police (၃၂၀၀) နှင့် Assam Rifle (၂၆၀၀) အပါအဝင် စစ်သည်တော် စုစုပေါင်း (၇၆၅၀)နှင့် စစ်အရာရှိ (၂၀၈)တို့အား ကူလီ(၈၃၀၀) ကျော်တို့နှင့်အတူ ထိုးစစ်ဆင်စေခဲ့ကြသည်။
ထို့အပြင်
လူအင်အား၊ စစ်အင်အား၊ လက်နက်အင်အားများစွာမမျှတ၍ ကူကီးလူမျိုးများသည် အလွန်
ပင် အခက်အခဲဖြစ်ခဲ့ကြရသည်။ ဤသို့ဖြင့် နောက်ဆုံးတွင်
ကူကီးခေါင်ဆောင်များမှာ ပြည်သူများကို ငဲ့ညှာ ရင်း တစုံတရာ
စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခြင်းမျှ မရှိဘဲ အညံ့ခံခဲ့ကြသောကြောင့်
၁၉၁၉ခုနှစ် နှစ်ကုန်ပိုင်း တွင် ကူကီးလူမျိုးများနှင့်
ကူကီးဘိုးဘွားပိုင်မြေသည် ဗြိတိသျှနယ်ချဲ့အင်္ဂလိပ်တို့၏
အင်ပါယာအစိတ်အပိုင်း တခုအဖြစ် သိမ်းသွင်းခြင်း ခံခဲ့ရလေသည်။
မြန်မာနိုင်ငံအတွင်း သွတ်သွင်းခြင်းခံခဲ့ရသော ကူကီးမြေနှင့် ကူကီးလူမျိုးတို့၏ အခြေအနေများ
ဖ၊ဆ၊ပ၊လ ခေတ် ကူကီးလူမျိုးများ၏ အခြေအနေ။ ။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး (ဖ၊ဆ၊ပ၊လ) အစိုးရ ခေတ်တွင် လွတ်လပ်ရေးအကြိုကာလ မေမြို့စုံစမ်း ရေး၌ ကူကီးကိုယ်စားလှယ်များနှင့် (ဖ၊ဆ။ ပ၊လ) ခေါင်း ဆောင်များ၏ သဘောတူညီချက်များကို လုံးဝ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းပင် မရှိခဲ့ချေ။ ပို၍ ဆိုးရွားသည်မှာ ကူကီးလူမျိုးများ၏ မြေယာပိုင်ဆိုင်ခွင့်များကို ရုပ်သိမ်းပစ်ခဲ့ခြင်းနှင့် ကူကီးလူမျိုး များ၏ ရိုးရာယဉ်ကျေးမှုအရ ခေတ်အဆက်ဆက် ကျင့်သုံးလာခဲ့ကြသည့် Haosa ဟွောင်ဆာ(စော်ဘွား) အုပ်ချုပ်ရေး စနစ်ကို ဖျက်သိမ်းခဲ့ကြခြင်းသည် (ဖ၊ဆ၊ပ၊လ) အစိုးရခတ်အတွင်း ကူကီးလူမျိုးများအတွက် အ လွန်ကြီးမား လှသော ဆုံးရှုံးမှုကြီးတရပ်ပင်ဖြစ်သည်။
ကူကီးလူမျိုးတို့၏ Haosa
ဟွောင်ဆာအုပ်ချုပ်ရေး စနစ် ကို ဖျက်သိမ်းပစ်ခြင်းသည် ကူကီးလူမျိုးများ၏
စည်းလုံးညီညွတ်မှုများကို ဖော်ဆောင်ဦးဆောင် မှုပေးနိုင်သည့်
ခေါင်းဆောင်မှုစနစ်ကို ဖျက်သိမ်း ပစ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်လည်း
ကူကီးလူမျိုးများ အတွင်း စည်းလုံးညီ ညွှတ်သော ဦးဆောင်မှုကို ပေးနိုင်သည့်
ခေါင်းဆောင်များ ကင်းမဲ့ခဲ့သည်ဖြစ်ရာ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး
တို့တွင် နှစ်ပေါင်းများစွာ လေလွှင့်နောက်ကျခဲ့ကြရသည်။
ဦးနု၏
(ဖ၊ဆ၊ပ၊လ) အစိုးရခတ်တွင် ကူကီးနယ်မြေဒေသများအတွင်း ဗမာပြည်မမှ
ဗမာလူမျိုးများကို ပြည် တော်သာစီမံကိန်းအမည်ဖြင့်
စတင်အခြေချနေထိုင်စေခဲ့သည့်အပြင် ကူကီးနယ်မြေဒေသများတလျှောက်လုံး တွင်
ဗုဒ္ဓဘာသာဘုရားစေတီများ တည်ဆောက်ခြင်နှင့် ဗုဒ္ဓဘာသာဘုန်းကြီးများကို
စေလွှတ်ကာ သာသနာ ပြုစေခြင်များကို ဆောင်ရွက်ခဲ့သည်။ ဤသို့ဖြင့်
ဗမာလူမျိုးများနှင့် ဗုဒ္ဓဘာသာကို အခြေချစေခြင်းအားဖြင့် ကူ
ကီးနယ်မြေဒေသများအတွင်းတွင် မဟာလူမျိုးကြီးဝါဒကို စတင်ခဲ့သည်။
ဦးနု၏
(ဖ၊ဆ၊ပ၊လ) အစိုးရခေတ်တွင် ကူကီးတိုင်းရင်းသားများသည် ဘဝအာမခံချက်
မရရှိကြသည့်အ ပြင်၊ လွတ်လပ်ရေးအကြိုကာလက ကူကီးလူမျိုးများအပေါ်
ပေးထားခဲ့သော ကတိများကိုပင် ချိုးဖောက်၍ လျစ်လျူရှုထားခဲ့ကြကြောင်း
တွေ့ရှိရသည်။
တော်လှန်ရေးကောင်စီအစိုးရနှင့် မ၊ဆ၊လ
အစိုးရလက်ထက်တွင် ကူကီးနယ်မြေဒေသအတွင်းရှိ ကူကီး ရွာများ၏ အမည်များကို
မှတ်မိရန် ခဲယဉ်းသည်ဟူသော အကြောင်းပြချက်ဖြင့် ဗမာအမည်များကို အစားထိုး
ပြီး အတင်းအကျပ် မှည့်ခေါ်စေခဲ့သည်။ ဥပမာအားဖြင့် Valpabung ကို
ချောက်နက်ကြီး၊ Lallim ကို နှံမွန်း တား၊ Joumun ကို ဘုက္ကန်၊ Twisaa ကို
ကံမ္မကြီး၊ Twi-khal ကို ကျွန်းတောရေရှင်၊ Teijang ကို ကျွန်းပင် သာ၊
Khengjang ကို ကွေ့ကြီး၊ Haipijang ကို ရေနန်း၊ Jangngouphai ကို ရေအေး၊
Munnomjang ကို ကု လားကုန်း စသည်ဖြင့် ကူကီးရွာပေါင်း (၁၀၀) ကျော်ကို
ကူကီးအမည်မှ ဗမာအမည်များအဖြစ် ပြောင်းလဲမှည့် ခေါ်စေခြင်းဖြင့်
ကူကီးလူမျိုးများအပေါ် တိုက်ရိုက်စော်ကားခဲ့ကြသည်။
မ၊ဆ၊လ
အစိုးရခေတ်တလျှောက်လုံးတွင် အာဏာပိုင်တို့သည် အုပ်ချုပ်ရေး၏
ဗဟိုဒေသများအဖြစ် ကူ ကီးနယ်မြေဒေသအတွင်းရှိ ဗမာရွာများကိုသာ
ရွေးချယ်သတ်မှတ်ခဲ့ကြခြင်း၊ ကူကီးရွာများအကြား ကွက်ကျား တည်ရှိသော
ဗမာရွာသစ်များကို အုပ်စုကောင်စီရုံး၊ အုပ်စုတရားရုံး
ရုံးစိုက်ရာနေရာများအဖြစ်၎င်း ရွေးချယ် သတ်မှတ်ခဲ့ကြခြင်း၊
ပညာရေးနှင့်သက်ဆိုင်သော စာသင်ကျောင်းများကို ဗမာရွာများတွင် အဓိကရွေးချယ်
ထားရှိခြင်း၊ ကျန်းမာရေးနှင့် သက်ဆိုင်သောမြို့နယ်ဆေးရုံများ၊
တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေး ခန်းများကို ဗမာရွာများတွင်သာ
အဓိကရွေးချယ်ထားရှိခြင်းတို့ဖြင့် လူမျိုးရေးဘက်လိုက် အုပ်ချုပ်မှုစနစ်ကို
ကျင့်သုံးကာ ဗမာလူမျိုးများ၏ လွှမ်းမိုးချုပ်ကိုင်ခြယ်လှယ်သော
အုပ်ချုပ်ရေးစနစ်ဖြစ်ရန် စနစ်တကျ အကွက် ချ စီမံခဲ့ကြသည်။
မ၊ဆ၊လ
ခေတ်တွင် ကူကီးလူမျိုးများ၏ လယ်ယာမြေများနှင့် ပိုင်ဆိုင်မှုအများအပြားကို
ပြည်သူပိုင်အဖြစ် သိမ်းပိုက်ခြင်း၊ လယ်ယာမြေလုပ်ငန်းများတွင် အဓိကအားထား၍
အသက်မွေးဝမ်းကျောင်းရသော ပြည်သူ များ၏ လယ်ယာထွက်သီးနှံ့များကို
လွတ်လပ်စွာရောင်းချခွင့် မပြုခြင်း၊ လူကြီးတစ်ဦးလျှင် စပါးတင်း(၂၀) နှင့်
ကလေးများအတွက် စပါး(၁၀) တင်းနှုန်းဖြင့် သတ်မှတ်ကာ ပိုလျှံသော စပါးများကို
အစိုရအဝယ်ဒိုင်များတွင် ပြင်ပပေါက်ဈေးထက် (၆) ဆမျှလျှော့နည်းသော
အဖိုးငွေဖြင့် မတရားဝယ်ယူသိမ်းပိုက်ခဲ့ခြင်း အစရှိသော လုပ်ရပ်များဖြင့်
လယ်ယာမြေနှင့် လုပ်အားအပေါ် ဂုတ်သွေးစုပ်ခြယ်လှယ်ခဲ့ကြသည်။ ထို့ကြောင့်လည်း
ဦး နေဝင်း၏ မ၊ဆ၊လ အစိုးရခေတ်တလျှောက်လုံးတွင် ကူကီးပြည်သူများ၏
စီးပွားရေးအခြေအနေမှာ လွန်စွာ ပင် ချွတ်ခြုံကျခဲ့သည်I
ကူကီးချင်းတို.သမိုင်း (၃)
ကူကီးဒေသတွင် အိန္ဒိယ ခွဲထွက်သူပုန်အဖွဲ့များအား ခိုလှုံတပ်စွဲစေခြင်း
မြန်မာ
န၊ဝ၊တ/ န၊အ၊ဖ စစ် အစိုးရသည် ကူကီးလူမျိုးများ၏ ဘဝလုံခြုံမှု
ပိုမိုကင်းမဲ့စေရန်နှင့် ဆင်းရဲဒုက္ခ အမျိုးမျိုးရောက်ရှိစေရန်အတွက်
အန္ဒိယခွဲထွက်ရေးသူပုန်အဖွဲ့များဖြစ်သော UNLF, PLA, PREPAK, KCP, KYKL,
MPLF အစရှိသော သူပုန်အ ဖွဲ့များကို မြန်မာနိုင်ငံအတွင်းရှိ
ကူကီးနယ်မြေများတွင် အခြေစိုက်၍ လှုပ်ရှားစေခဲ့သည်။ မြန်မာစစ်တပ်နှင့်
အန္ဒိယခွဲထွက်ရေးသူပုန်အဖွဲ့များသည် ဒေသအတွင်းရှိ ပြည်သူများအား
ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ခြင်း၊ မ တရားဆက်ကြေးကောက်ခံခြင်း၊
ပေါ်တာဆွဲခြင်း၊ မုဒိန်းကျင့်ခြင်း၊
ရိုက်နှက်ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများ ကို အမြဲပင်
ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင်
ပြည်သူများနေ့စဉ်အသုံးပြုသွားလာနေသော နေရာများတွင် မိုင်းထောင်ခြင်း၊
ဗုံးဖောက်ခွဲခြင်း၊ လူနေရပ်ကွက်များအတွင်း အရေအတွက် ထောင်သောင်းချီ၍ရှိသော
လက်နက်ခဲယမ်းမီးကျောက်များကို သို ဝှက်ထားရာမှ မကြာခဏ ပေါက်ကွဲမှုများ
ဖြစ်ပွားစေခြင်း၊ ငွေစက္ကူအတုများပြုလုပ်ခြင်း၊ လက်နက်နှင့် မူးယစ်
ဆေးဝါးအရောင်းအဝယ်လုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်ကြခြင်းများကြောင့်
ဒေသအတွင်း နေထိုင် ကြသော ပြည်သူများ၏ ဘဝလုံခြုံမှုကို နေ့စဉ်နှင့်အမျှ
ခြိမ်းခြောက်လျက် ရှိနေသည်။
ပို၍ ဆိုးရွားသည်မှာ မြန်မာစစ်တပ်၏
ပံ့ပိုးကူညီမှုများဖြင့် အိန္ဒိယခွဲထွက်ရေး ကသဲသူပုန်အဖွဲ့များသည်
ကူကီးရပ်ရွာများအတွင်းတွင်၎င်း၊ ကူကီးရပ်ရွာများကို နောက်ခံထားရှိ၍၎င်း
အိန္ဒိယစစ်တပ်နှင့် ဖြစ်စေ ကူကီး အမျိုးသားတပ်မတော်နှင့် ဖြစ်စေ
တိုက်ပွဲများဖြစ်ပွားရန် စနစ်တကျ ဖန်တီးလုပ်ဆောင်ခဲ့ကြခြင်းပင်ဖြစ်သည်။
ဤသို့ဖြင့်
မြန်မာစစ်တပ်နှင့် မြန်မာစစ်အစိုးရမှ နိုင်ငံရေးခြံစည်းရိုးအဖြစ်ထားရှိသော
အိန္ဒိယခွဲထွက်ရေးသူပုန် အဖွဲ့များ၏ ဖိနှိပ်ချုပ်ချယ်မှုများနှင့်
ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုများကြောင့် ဒေသတွင်းရှိ ပြည်သူလူထု၏ ဘ
ဝလုံခြုံမှုမှာ နေ့စဉ်နှင့်အမျှ ပို၍ပင် ဆိတ်သုဉ်းကင်းမဲ့လာခဲ့ရသည်။
အိန္ဒိယနိုင်ငံအတွင်း သွတ်သွင်းခြင်းခံခဲ့ရသော ကူကီးမြေနှင့် ကူကီးလူမျိုးတို့၏ အခြေအနေများ
Anglo-Kuki War (1917-19) အပြီး အိန္ဒိယအုပ်ချုပ်ရေးနယ်မြေအတွင်း ကျရောက်ခဲ့ရသော ကူကီးနယ် မြေများသည် အိန္ဒိယနိုင်ငံလွတ်လပ်ရေးရရှိသောအခါတွင်လည်း အိန္ဒိယပိုင်းနက်အတွင်း ဆက်လက်၍ သွတ် သွင်းခြင်းခံခဲ့ရသည်။ ထိုဒေသများမှာ မဏိပူရပြည်နယ်ရှိ တောင်တန်းဒေသများ၊ အသံပြည်နယ်ရှိ Karbi-Anglong ဒေသများ၊ နာဂပြည်နယ်ရှိ Ahthibung, Kanjang ဒေသများနှင့် Tripura ပြည်နယ်၏ အချို့ဒေသ အစိတ်အပိုင်းများ ဖြစ်သည်။
၁၉၅၀ ခုနှစ်ကျော်ကာလများတွင် အိန္ဒိယနိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိသွားသည့် ကူကီးလူ မျိုးများသည် လွတ်လပ်မည့် မီဇိုးနိုင်ငံတွင် အိန္ဒိယနှင့် မြန်မာနိုင်ငံရှိ ကူကီးနယ်မြေများအားလုံးပူးပေါင်း ပါဝင် နိုင်ရန်အတွက် မီဇိုးလူမျိုးများနှင့် မဟာမိတ်ပြုကာ တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုမဟာမိတ်အဖွဲ့ကို မီဇိုးအမျိုးသား
တပ်ဦး(MNF)မှ ဦးဆောင်ကာ ထိုအဖွဲ့တွင် ကူကီးဘက်မှ Pu.LalKhoHenသည် Sennator အဖွဲ့ဝင်အဖြစ် ၎င်း၊ Pu.DemKhoSehသည် ဒု-စစ်ဦးစီးချုပ်အဖြစ်၎င်း ဦးဆောင်ကာ စစ်ရေးအကူအညီများ ရယူရန် တရုတ် ပြည်သို့ သွားရောက်ခဲ့ကြသည်။ ထို့အပြင် အခြားထိပ်တန်းခေါင်းဆောင်ပိုင်းတွင် Pu.PaoKhoSei, Pu.TN Haokip, Pu.PumKam တို့နှင့် ကူကီးတော်လှန်ရေးတပ်ဖွဲ့ဝင်အများအပြားပါဝင်ခဲ့ကြပြီး အသက်၊သွေး၊ချွေး မြောက်များစွာ ကို ပေးဆပ်ခဲ့ကြသည်။
သို့ရာတွင် (MNF) ကို ဦးဆောင်သည့် Laldenga နှင့် မီဇိုအမျိုးသားများသည် ၎င်းတို့၏ တော်လှန်ရေး ဖြစ်သော လွတ်လပ်မည့် မီဇိုးနိုင်ငံထူထောင်ရေးပန်းတိုင်သည် ရောက်ရှိနိုင်မည် မဟုတ်ကြောင်း သိရှိလာ သောအခါ အိန္ဒိယဝန်ကြီးချုပ် India Gandhi နှင့် အပေးအယူပြုလုပ်ကာ မီဇိုရမ်းပြည်နယ်ကိုသာ ရယူထူ ထောင်ခဲ့ကြသည်။ ဤသို့ဖြင့် ကူကီးလူမျိုးတို့၏ ကူကီးတော်လှန်ရေးနှင့် ကူကီးပိုင်နယ်မြေများသည် မဟာ မိတ်တို့၏ တော်လှန်ရေး ကတိသစ္စာ ဖောက်ဖျက်ခဲ့မှုကြောင့် ကျရှုံးခြင်းနှင့်အတူ ချန်ရစ်ခြင်းခံခဲ့ရသည်။ (Ref: ကူကီးချင်းဝီကီလိဒ်)
Post a Comment