Header Ads

test

Graphic Design ဆိုတာ--?

 

Graphic Design ဆိုတာကတော့ အခက်အခဲတွေ၊ ပြဿနာတွေကို အမြင်ပိုင်းဆိုင်ရာ အရ ဆက်သွယ် ဖြေရှင်းပေး တဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ လွယ်လွယ်ပြောရမယ်ဆိုရင်တော့ ဂရပ်ဖစ်ဒီဇိုင်းဆိုတာဟာ အလုပ်အပ်သူက သူ့စားသုံးသူ ကို သိစေချင်တဲ့ အကြောင်းအရာကို အမြင်ပိုင်းဆိုင်ရာနည်းလမ်းအရ စားသုံးသူ နားလည်အောင် ဆက်သွယ်ပေးရတဲ့ ပေါင်းကုူးတံတားလေးပါ။ 

ဒါကြောင့် ဒီဇိုင်းတစ်ခုကို ဖန်တီးတဲ့အခါ အရမ်းလှပြီး ကြည့်ကောင်းနေဖို့ထက် အလုပ်အပ်သူ က သူ့ပစ္စည်းကိုဝယ်မယ့်သူတွေကို သိစေချင်တဲ့ အကြောင်းအရာတွေကို ထိထိမိမိပုံဖော်နိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်။ ဂရပ်ဖစ်ဒီဇိုင်းနဲ့ ပတ်သတ်ပြီး တော့ လွဲမှားတတ်တဲ့ အကြောင်းရာတစ်ခုကတော့ ဂရပ်ဖစ်ဒီဇိုင်းတွေကို ဖန်တီးတဲ့အခါမှာ ရင်ထဲမှာရှိတဲ့ အတိုင်းခံစားပြီး ရေးဆွဲတယ်ဆိုတဲ့အချက်ပါ။ 

ဒီအချက်ကတော့ တော်တော်ကြီးကို လွဲမှားနေတဲ့ အချက်ပါဘဲ။ ဂရပ်ဖစ်ဒီဇိုင်းတစ်ခု ကိုဖန်တီးဖို့ဆိုရင် အရင်ဆုံး ကိုယ်ရေးဆွဲမယ့် ဖန်တီးမှုကို ကြည့်ရှုမယ့်သူတွေအပေါ် ဘယ်လိုမျိူးသက်ရောက်မှုတွေရှိစေ ချင်လည်း ဘာတွေကို သတိပြုစေချင်လည်း စတဲ့ ခံစားမှုပုံစံမျိူးမဟုတ်ဘဲ လက်တွေကျတဲ့ စနစ်တကျ စဉ်းစားမှုပုံစံမျိုးနဲ့စတင်ရတာပါ။ 

အဲလိုဖန်တီးတဲ့နေရာမှာလည်း ကိုယ်ဆွဲချင်သလိုဆွဲတာ မျိူးမဟုတ်ဘဲ ဂရပ်ဖစ်ဒီဇိုင်းရဲ့ အခြေခံ အစိတ်အပိုင်းတွေဖြစ်တဲ့ မျဉ်းတွေ၊ ပြင်ညီတွေ၊ ထုထည်တွေ၊ အရောင်တွေ စတာတွေနဲ့ ဒီဇိုင်း ပုံသေနည်းတွေကို အချိူးကျကျ ပေါင်းစပ်ရေးဆွဲရတာဖြစ်ပါတယ်။ 

ဒါကြောင့် ကျွှမ်းကျင်တဲ့ ဒီဇိုင်းနာတစ်ယောက်ဖြစ်လာဖို့ ဆိုရင်တော့ အခြေခံကနေပြီး သေချာ လေ့လာသင့်ပါတယ်။ ဒါကတော့ ဂရပ်ဖစ် ဒီဇိုင်းဆိုတာ ဘာလည်းဆိုတာရဲ့ အကျဉ်းချုံ့ ဖြစ်သည်။

No comments

LAND of CANAAN

    Canaan is an ancient term for a region approximating present-day Israel , the West Bank and the Gaza Strip , plus adjoining coastal la...