Header Ads

test

Design ဆိုတာ ဘာလဲ?

 -AAEAAQAAAAAAAAhrAAAAJDU0YzUxYzFlLTFjYzUtNDM4NC1iOWUzLTE4ZTk4NGU5ODk0YQ.jpg

 အိတ်ဒီဇိုင်း၊ ခွက်ဒီဇိုင်း၊ ဖက်ရှင်ဒီဇိုင်း၊ ဂရပ်ဖစ်ဒီဇိုင်း၊ အဆောက်ဦးဒီဇိုင်း စသဖြင့် ဒီဇိုင်းအမျိူးအစား ပေါင်းမြောက် များစွာရှိသလို ဒီဇိုင်းဆိုတာဘာလဲ ဆိုတဲ့ အဓိပ္ပာယ်ကလည်း သက်ဆိုင်ရာ နယ်ပယ်အလိုက် အနည်းငယ် ကွဲလွဲမူတွေရှိပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုဘဲ နယ်ပယ်တွေပြောင်းပြောင်း တူညီတဲ့ အဓိက အချက်ကတော့ ဒီဇိုင်းဆိုတာ ပြဿနာတွေကို အမြင်ပိုင်း (သို့) သဘောတရားပိုင်း (သို့) အရာဝတ္ထု ပစ္စည်းအားဖြင့် တွေးခေါ်စဉ်းစားပြီး ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖန်တီးတဲ့ ဘာသာရပ် ဖြစ်တယ်ဆိုတဲ့ အချက်ပါ။ လွယ်လွယ်ပြောရရင်တော့ ပြဿနာတွေကို စဉ်းစားပြီး ပိုကောင်းအောင် အဖြေရှာပေးတဲ့ ဘာသာရပ်ပေါ့ဗျာ။

 

ဒီဇိုင်းက ဘယ်လိုမျိူး အနုပညာလဲ ?

ဒီအချက်ကတော့ တော်တော်အရေးကြီးတဲ့ အချက်ပါ။ ဘာလို့လဲဆိုတော့ ကျွှန်တော်တို့ဆီက ဒီဇိုင်နာတော်တော်များများက ပန်းချီဆရာတို့ ဓါတ်ပုံဆရာတို့ကနေ ဒီဇိုင်နာဖြစ်လာတဲ့လူတွေများပါတယ်။နောက်ပြီး တစ်ချို့ ဒီဇိုင်းသင်တန်းတွေမှာလည်း ပန်းချီတို့ ဓါတ်ပုံတို့က အခြေခံတွေကို အသုံပြုသင်ကြားကြတာကို တွေ့ရပါတယ်။

ပန်းချီပညာတို့၊ ဓါတ်ပုံပညာတို့ ဆိုတာကတော့ Fine Art လို့ခေါ်တဲ့ လှပမှုနဲ့ စိတ်ခံစားပေါ်မှာ အဓိက မူတည်ပြီးတော့ ရေးဆွဲတဲ့ အနုပညာအမျိူးအစားကလာတာပါ။ Fine Art တွေရဲ့ သဘောတရားအရ သူတို့ရဲ့ဖန်တီးမှုတွေ ဟာ ဖန်တီးသူရဲ့ စိတ်ခံစားမှု (သို့ ) ပတ်ဝန်းကျင်ပေါ် ဖန်းတီးသူတွေရဲ့ အမြင်ပေါ်မှာ မူတည်ပြီး စတင်ဖြစ်ပေါ်ပါတယ်။ အဲလိုဖန်တီးမှုတွေကိုလည်း ကြည့် ရှုခံစားသူတွေက မတူညီတဲ့ ခံစားမှုတွေနဲ့ ခံစားကြပါတယ်။ ဒါကဘဲ Fine Art ရဲ့ လွတ်လပ်မှုနဲ့ တန်ဖိုးဖြစ်ပါတယ်။ ဥပမာ မိုနာလီဆာ ပန်းချီကားလိုပေါ့၊ သူ့ကိုကြည့်ပြီး တစ်ချို့က ရယ်နေတယ်လို့ ထင်ကြပေမဲ့ တစ်ချို့ကျတော့လည်း မဲ့နေတယ်လို့ထင်ကြပါတယ်။

ဒါပေမဲ့ ဒီဇိုင်းကတော့ Fine Art နဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ အသုံးချ အနုပညာ ( Applied Art ) လို့ခေါ်တဲ့ အနုပညာအမျိူးအစားမှာ ပါဝင်ပါတယ်။ စီးပွားရေးနယ်ပယ်မှာတော့ ဒီဇိုင်းက ဝန်ဆောင်မူ အမျိူးအစားထဲမှာပါလို့ ဝန်ဆောင်မှု အနုပညာ ( Service Art ) လို့လည်းခေါ်တတ်ကြပါတယ်။ 

ဒီဇိုင်းတစ်ခုဖြစ်လာဖို့ ဆိုရင်တော့ ဖန်တီးသူက သူဖြေရှင်းရမဲ့ ပြဿနာတွေရဲ့ အချက်အလက်တွေကို အဓိကထားစဉ်းစားပြီးတော့ ပိုမိုကောင်းမွန်တဲ့ရလဒ်ရအောင် ဖန်တီးဖြေရှင်းကြပါတယ်။ ဒါကြောင့် သူ့ဖန်တီးမှုက လူဘယ်လောက်များများအတွက်အထောက်အကူဖြစ်လဲ၊ လူဘယ်လောက်များများကို နားလည်သွားစေလဲ စတဲ့ အချက်တွေပေါ်မှာ မူတည်ပြီး တန်ဖိုးဖြတ်ပါတယ်။ 

ဥပမာ Taxiဆိုင်းဘုတ် တွေ အဝါရောင်ဖြစ်သလိုပါဘဲ။ Taxi ဆိုင်းဘုတ် တွေကို အဝါရောင် သုံးတယ်ဆိုတာက ကားတွေပေါ်မှာတတ်ရင် ကြည့်လို့ကောင်းလို့ လှလို့မဟုတ်ဘဲ အဝေးက လှမ်းကြည့်ရင်မြင်ရတဲ့ အရောင်တွေထဲမှာ အဝါရောင်က အထင်ရှားဆုံးအရောင်ဖြစ်လို့ပါ။ဒါကြောင့် ဒီဇိုင်းဆိုတာ လှပမှုတစ်ခုထဲပေါ်အခြေမခံဘဲ လူဘယ်လောက်များများကို အကျိူးပြုလည်း နားလည်စေလည်း စတာတွေကိုအခြေခံပါတယ်။

ဒါတွေကတော့ Art နဲ့ Design ကြားမှာရှိတဲ့မတူညီတဲ့ အချက်တစ်ချို့ ဖြစ်ပြီး Fine Artist တွေအတွက် Designer မဖြစ်နိုင်ဘူးလို့ပြောတာမျိူးမဟုတ်ဘဲ Design နဲ့ ပတ်သတ်တဲ့ အချက်တွေကို သေချာ လေ့လာမယ် ဆိုရင် ပိုမိုကောင်းမွန်တဲ့ ဒီဇိုင်နာတွေဖြစ်လာကြမှာပါ။ ဒါကတော့ ဒီဇိုင်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာအချို့ဖြစ်ပါတယ်။

 

 

 

No comments

LAND of CANAAN

    Canaan is an ancient term for a region approximating present-day Israel , the West Bank and the Gaza Strip , plus adjoining coastal la...