Header Ads

test

Social Media ထောင်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ Tesla သူဌေးကြီး

 Elon Musk Gave $5.7 Billion to Charity in 2021, SEC Filing Reveals

ကိုယ်ပိုင် Social Media ထောင်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ Tesla သူဌေးကြီးက Twitter မှာ ရှယ်ယာ ၃ ဘီလျံနီးပါးဖိုး ဝယ်သွားတယ်လို့ ဆိုပါတယ်။

တနင်္လာနေ့က ထုတ်ပြန်တဲ့ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် SEC 13G ရဲ့ အချက် အလက်အရ မတ်စ်ဟာ Twitter မှာ ရှယ်ယာ ၉.၂% ပိုင်ဆိုင်ထားတယ်လို့ ဖော်ပြပါတယ်။ သောကြာနေ့ ပိတ်သွား တဲ့ Twitter ရှယ်ယာဈေးအရ ရှယ်ယာတန်ဖိုးဟာ ဒေါ်လာ ၂.၈၉ ဘီလျံခန့် ရှိနေတာပါ။ မတ်စ်ဟာ Twitter မှာ အစုရှယ်ယာ ၇၃၄၈၆၉၃၈ စု ပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်။ 

Refinitiv အချက်အလက်တွေအရ လက်ရှိ အများဆုံး Twitter ရှယ်ယာရှင် Vanguard Group ဟာ Twitter မှာ ရှယ်ယာ ၈.၇၉% ပိုင်ဆိုင်ထားတာကြောင့် မတ်စ်ဟာ Twitter ရဲ့ အကြီးဆုံးရှယ်ယာပိုင်ရှင် ဖြစ်လာတာပါ။ Twitter မှာ ရှယ်ယာတွေ ဝယ်လိုက်ကြောင်း သတင်းမထွက်ခင် ရက်ပိုင်းကပဲ Tesla သူဌေးကြီး အီလွန် မတ်စ်က လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို Twitter အနေနဲ့ လိုက်နာဖို့ ပျက်ကွက်နေကြောင်း ဝေဖန်ခဲ့ပြီး ကိုယ် ပိုင် Social Media ပလက်ဖောင်းသစ် ထောင်ဖို့ အလေးအနက် စဉ်းစားနေတယ်ဆိုပြီး Tweet တင်ခဲ့ ပါတယ်။ 

"Twitter က မျက်မြင်မှာတော့ အများပြည်သူဆုံရပ်လို လုပ်နေတယ်ဆိုပေမယ့် ဒီမိုကရေစီအခြေခံမူဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို လိုက်နာဖို့ ပျက်ကွက်နေတယ် " လို့ မတ်စ်က Tweet တင်ခဲ့တာပါ။ တစ်ပတ် မပြည့်ခင်မှာ Twitter ရှယ်ယာတွေ ကောက်ဝယ်သွားတဲ့အကြောင်း SEC က ပြန်ဖွတာ ဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာကြီး ဖြစ်တဲ့ အီလွန်မတ်စ်ဟာ ၂၀၀၉ ခုနှစ်က စပြီး Twitter ကို စတင် အသုံး ပြုလာသူ ဖြစ်ကာ လက်ရှိ သူ့ Twitter အကောင့်မှာ Follower သန်း ၈၀ ကျော် ရှိထားသူ ဖြစ်ပါတယ်။ Twitter စတော့ခ် ၉.၂% ကို အီလွန်မတ်စ် ဝယ်ပြီးနောက် Twitter ရဲ့ စတော့ခ်ရှယ်ယာ တန်ဖိုးဟာ တနင်္လာနေ့မှာ တစ်စု ကို ၄၉.၉၇ ဒေါ်လာနှုန်းနဲ့ ၂၇.၁% တက်သွားခဲ့တယ်လို့ ဆိုပါတယ်။

No comments

LAND of CANAAN

    Canaan is an ancient term for a region approximating present-day Israel , the West Bank and the Gaza Strip , plus adjoining coastal la...