Header Ads

test

NUG PAY App

 

 အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အပြန်အလှန်ငွေပေးချေမှုများ လုပ်ဆောင်နိုင်သည့် ဒီဂျစ်တယ်ငွေကြေးစနစ်အသစ်တစ်ခုကို ယခုရက်ပိုင်းအတွင်း တစ်ဆင့်ခြင်း ပြည်သူများကို မိတ်ဆက် ပေးနေသည်။
 

အဆိုပါငွေကြေးစနစ်သည် အင်တာနက်ပေါ်၌ နည်းပညာဖြင့်လည်ပတ်သည့် ငွေကြေးစနစ် တစ်ခု ဖြစ်သည်။
 

ယခု မိတ်ဆက်ပေးနေသည့် NUG Pay မှ သုံးစွဲနိုင်မည့် DMKK ငွေကြေးသည် ဒီဂျစ်တယ် ငွေကြေးယူနစ် တစ်ခုခြင်းစီတိုင်းအတွက် ပြင်ပ၌ခိုင်မာသည့် ငွေအဖြစ်တည်ရှိနေမည်ဟု NUG က ယနေ့ ထုတ်ပြန်ထားသည်။
ထိုငွေကြေးစနစ်၌ DMMK (၁) ယူနစ်ကို ပြင်ပရှိ မြန်မာငွေ (၁) ကျပ်နှုန်းအဖြစ် သတ်မှတ်ထား သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
 

"ဒီနိုင်ငံမှာက ဒေါ်လာနဲ့ တွက်ချက်ပေးချေချင်တယ်ဆိုရင် ပြဿနာတစ်ခုလို့ မြင်တယ်။ စစ်ကောင်စီ လက်ထက်မှာ သက်မှတ်ထားတဲ့ ဒေါ်လာဈေးနဲ့ ဈေးကွက်ပေါက်ဈေးက ကွာခြားနေတယ်"ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
 

NUG ကမူ ပြည်တွင်း၊ ပြည်ပ၌ ဒီဂျစ်တယ်ငွေကြေးစနစ်ဖြင့် လုပ်ငန်းလည်ပတ်နိုင်စေရန် NUG Pay ပလက်ဖောင်း၏ နိုင်ငံခြားငွေကြေးလဲလှယ်ခြင်းနှုန်းထားကို ထုတ်ပြန်‌ပေးမည်ဟုဆိုသည်။
 

"တစ်ယူနစ်အတွက် အပေါင်ထားတဲ့ တစ်ကျပ်က နောက်ကွယ်မှာ လည်ပတ်နေမှာမဟုတ်ဘူးလို့ အကြမ်းဖျင်းနားလည်ထားတယ်။ ကျပ်ငွေကို ဒီဂျစ်တယ်ယူနစ်လုပ်ပြီး ပြည်ပမှာ ဒေါ်လာနဲ့ ပေးချေတာမျိုးလုပ်ချင်တယ်ဆိုရင် ကန့်သက်ချက်က ဘာတွေရှိမှာလဲ။ ဒါကိုတော့ သိချင်ပါတယ်"ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။
 

ယခု DMMK အတွက် Blockchain နည်းပညာကို အသုံးပြုထားပြီး ၎င်းမှာ ပိုင်ဆိုင်သူက မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်မျှပိုင်ဆိုင်ကြောင်းကို စနစ်တကျမှတ်တမ်းထားရှိနိုင်သည့် နည်းပညာတစ်မျိုးဖြစ်ကာ ငွေကြေးစနစ်အပြင် အခြားသောနယ်ပယ်များတွင်လည်း အသုံးပြုနိုင်သည်ဟု နည်းပညာရှင်တစ်ဦးက ပြောသည်။
 

"နည်းပညာက အရေးမကြီးဘူး။ ပလက်ဖောင်း(NUG Pay)ကို လူတိုင်းသုံးဖို့နဲ့ ပလက်ဖောင်းက အလုပ်ဖြစ်ဖို့ပဲ အရေးကြီးတာပါ"ဟု ၎င်းက ပြောသည်။အမျိုးသား ညီညွတ်ရေးအစိုးရက လက်ရှိ အချိန်၌ NUG Pay ၏ ငွေကြေးလည်ပတ်မည့်ပုံစံကို အသေးစိတ် မရှင်းပြသေးပေ။


ယခုကဲ့သို DMMK ကို NUG Pay ပေါ်၌ စီမံခန့်ခွဲ၍ အသုံးပြုရန်မှာ နည်းပညာ နားမလည် သေးသူများနှင့် မိမိငွေအပေါ်  ပြင်ပ၌ အကောင်အထည်အဖြစ် မမြင်ရသည်ကို စိတ်ပူသူများအတွက် များစွာရှင်းပြရန်လိုအပ်ပြီး အသုံးပြုရန်စွဲဆောင်နိုင်ရေးမှာလည်း စိန်ခေါ်မှုတစ်ခုဖြစ်နေသည်ဆိုသည့် သုံးသပ်မှုများ ရှိနေသည်။
 

တစ်ဖက်တွင်လည်း ထိုကဲ့သို့ အသုံးပြုလျှင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရနိုင်သည့် အခြေအနေကလည်းရှိနေသည်ဟု ပြောဆိုနေကြသည်။

No comments

LAND of CANAAN

    Canaan is an ancient term for a region approximating present-day Israel , the West Bank and the Gaza Strip , plus adjoining coastal la...