Lt.Col. Son Kho Pau (ဒု-ဗိုလ်မှူးကြီး ဆွန်ခေါပေါင်)
-
တစ်ချိန်က နာမည်ကျော် ချင်းသေနတ်ကိုင်တပ်ရင်း (၂) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် (Son Kho Pau) ကွယ်လွန်ခဲ့သည်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဆိုရင် ၄၁ နှစ်ြပည့်ပြီဖြစ်ပါသည်။ ချင်းသူရဲကောင်း ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် အားဂုဏ်ပြုသည့်အနေဖြင့် သူ့၏ကိုယ်ရေးအကျဉ်းကို ဖော်ပြလိုက်ပါတယ်။
ဗြိတိသျှ ကိုလိုနီ ကျွန်ဘဝ မှ ၁၉၄ဂ ခုနှစ်တွင် လွတ်မြောက်လာသော လွတ်လပ်သည့် ပြည် ထောင်စု မြန်မာနိုင်ငံတော် သစ် သည် လွတ်လပ်ရေး၏ ဘွားဖက်တော်အဖြစ် နိုင်ငံတဝှမ်း ပြည်တွင်းစစ် ကြီး နှင့် ကြုံတွေ့ရင်ဆိုင်ခဲ့ရ ပြီး ပြည်ထောင်စုကြီးပြိုကွဲ လုမတတ် ဖြစ်ခဲ့ရသည်။ ၁၉၄၉ ခုနှစ်တွင် ဟုန်းဟုန်းတောက်လောက်သည့် ပြည်တွင်း စစ်မီး၏ အရှိန် သည် မြို့တော် ရန်ကုန် ကိုပင် ချိန်းခြောက် သည်အထိဖြစ်ခဲ့သည်။
ထိုစဉ် ကာလ ကမ္ဘာ က ဝန်ကြီးချုပ်ဦးနု အစိုးရအား ရန်ကုန်အစိုးရဟု လှောင် ပြောင် သမုတ် နေကြသည့် အချိန်တွင် ချင်းသေနတ်ကိုင်တပ်ရင်းများသည် ပြည်ထောင်စု ကြီးပြိုကွဲ မည့် အရေးမှ ရှောင်လွဲနိုင်ရန် အတွက် နိုင်ငံ တော် အစိုးရ၏ အားအကိုးရဆုံးသော တပ်ရင်းများ ဖြစ် ကြသည်။
ထိုသို့ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သည့် ချင်းသေနတ်ကိုင်တပ်ရင်းများထဲမှ တပ်ရင်း (၂) ကို ဦးဆောင် ကွပ်ကဲသူမှာ ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် (စီးယင်းမျိုးနွယ်စု) ဖြစ်သည်။ သူသည် ၁၉၄၈ ခုှနှစ်မှ ၁၉၅ဝ အတွင်း ရောင်စုံသူပုန်ခေတ်တွင် နိုင်ငံ့သားကောင်းပီပီ ပြည်တောင်စုကြီး မပြိုကွဲရေး အတွက် နိုင်ငံ့တာဝန်ကို သစ္စာ ရှိရှိ ထမ်းဆောင်ခဲ့သည်။
၁၉၆၄ ခုနှစ် တွင်မူ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီ အစိုးရ အား တော်လှန်ပြီး လွတ်လပ်သော ချင်းပြည်ထူထောင်ရေးအတွက် ချင်းအမျိုးသားများ၏ လက်နက်ကိုင် တော်လှန်ရေးကို ဦးဆောင် သူများထဲတွင် တဦးအဖြစ် ရှေ့ဆုံးမှ တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ ဤဆောင်းပါတွင် ဗိုလ်မှူးကြီး ဆွန်ခိုပေါင် ၏ တိုင်းပြည်နှင့်လူမျိုးအတွက် ဆောင်ရွက်ချက်များ ကို လက်လှမ်းမှီသလောက် ဖော်ပြသွားပါမည်။
ငယ်ဘဝ၊ ပညာရေးနှင့် ဗြိတိသျှစစ်တပ်သို့ အမှုထမ်းခြင်း
ဗိုလ်မှူးကြီး ဆွန်ခိုပေါင်သည် ၁၉၂ဝ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် U Huat Vum နှင့် Daw Vung Kho Dim တို့မှ တီးတိန်မြို့နယ်၊ ထုတ်လိုင်ရွာတွင် ဖွားမြင်ခဲ့သည်။ သူသည် ထုတ်လိုင်ရွာ အစိုးရ မူလတန်းကျောင်း၌ စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့ပြီးနောက် ဖလမ်းမြို့အလယ်တန်းကျောင်း၌ နဝမ တန်းအောင်မြင်သည်အထိ ပညာသင်ယူခဲ့သည်။ ထိုခေတ်ကာလ ချင်းတောင်တန်းဒေသ တွင် အထက်တန်း ကျောင်းဆင်းပြီး အစိုးရဝန်ထမ်း အလုပ် နှင့် လယ်ယာလုပ်ငန်းမှလွဲ၍ အခြားလုပ်ကိုင်ရန် လုပ်ငန်းများ မရှိခဲ့ပေ။
ဗြိတိသျှတပ်မတော် မှ စစ်သားများကို လစာကောင်းကောင်းပေးသည့်အပြင်၊ စစ်ထဲဝင်လျင် မြေပြန့် ဒေသ များသို့ သွားရောက် စွန့်စားခွင့် ရရှိနိုင်ကြသဖြင့် ချင်း လူငယ် တော်တော်များများမှာ စစ်ထဲသို့ ဝင်ကြ သည်က များလေသည်။ အခြားချင်းလူငယ်များကဲ့သို့ ဆွန်ခိုပေါင် သည်လည်း ပြင်ဦးလွင် (မေမြို့) ရှိ အမှတ် (၂) ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် ၁၉၃၉ ခုနှစ်မှစတင် ပြီး တပ်သားအဖြစ် အမှုထမ်းဆောင်ခဲ့သည်။
ဆွန်ခိုပေါင် ဗမာ့သေနတ်ကိုင်တပ်ရင်း တွင်စတင် အမှု ထမ်းဆောင်ပြီး များမကြာမီတွင် ဒုတိယ ကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားခဲ့သည်။ မြန်မာပြည်အား ဗြိတိသျှကိုလိုနီ လက်အောက်မှ ကယ်တင်ရန်အတွက် ဒုဗိုလ်ချုပ် Shojiro Iida ဦးဆောင်သော ဂျပန်တပ်မတော်မှ တပ်မ ၁၅ သည် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ စီးနင်း ဝင်ရောက်ခဲ့သည်။ တပ်မ ၁၅ သည် မြိတ် နှင့် ထားဝယ် လေယဉ်ကွင်းတို့အား အလွယ် တကူ သိမ်းပိုက်နိုင်ခဲ့ကြသည်။
ဂျပန်ခြေလျင်တပ်ရင်း အမှတ် ၃၃ နှင့် ၅၅ တို့သည်လည်း မြန်မာပြည် တောင်ပိုင်း နှင့် အလယ်ပိုင်းအား ဝင်ရောက်သိမ်းပိုင်နိုင်ခဲ့ သဖြင့် ဗြိတိသျှတပ်များသည် လည်း အန္ဒိယသို့ ဆုတ်ခွာ ခဲ့ရသည်။ ၁၉၄၂ ဇန်နဝါရီလကုန် အထိ ဂျပန်တပ်မတော် နှင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာ့ လွတ်လပ်ရေးတပ်မတော် တို့သည် မြဝတီ မှ ထားဝယ် အထိ သိမ်းပိုက် နိုင်ခဲ့ကြသည် ။ ဗြိတိသျှတပ်မတော်မှ ဗမာသေနတ်ကိုင်တပ်ရင်း
(၂) သည်လည်း မော်လမြိုင်မှ အိန္ဒိယနိုင်ငံ သို့ ဆုတ်ခွာကြရသည်။ ထိုအချိန်တွင် ဆွန်ခိုပေါင် သည် တပ်စုတပ်ကြပ်ကြီး (Platoon Sergant) အ ဖြစ် ဗမာသေနတ်ကိုင်တပ်ရင်း (၂) နှင့်အတူ အိန္ဒိယနိုင်ငံသို့ ဆုတ်ခွာခဲ့ရသည်။
အိန္ဒိယနိုင်ငံတွင် ဗြိတိသျှတပ်သားများ ပြန်လည်စုစည်းခဲ့ကြပြီး ပြောက်ကျားစနစ်ဖြင့် မြန်မာပြည်တွင်း သို့ ပြန်လည် ဝင်ရောက်ထိုးဖောက်ရန် ပြင်ဆင်ခဲ့ကြသည်။ ထိုသို့တိုက်ခိုက်ရန်အတွက် အထူး Chindit (ခြင်္သေ့) တပ်ဖွဲ့အား ဗြိတိသျှ တမ်မတော်မှ ဖွဲ့စည်းခဲ့သည်။ ထိုအထူးတပ်ဖွဲ့အား ဦးဆောင်သူမှာ ဗိုလ်ချုပ်ကြီး Orde Charles Wingate ဖြစ်သည်။ ၁၉၄၃ ခုနှစ် စောစော ပိုင်းတွင် ဗြိတိသျှ ၏ Chindit တပ်သည် ဂျပန်တို့အား စစ်ဆင်ခဲ့သော်လည်း ဂျပန်တပ်များက တိုက်ခိုက်တွန်းလှန်နိုင်ခဲ့ရာမှ အိန္ဒိယသို့ ပြန်လည် ဆုတ်ခွာခဲ့ရသည်။
နောက် တစ်ဖန် Chindit တပ်သည် ဂျပန်တပ်များအား တိုက်ခိုက်ရန် ပြင်ဆင်နေချိန် ၁၉၄၄ မေလ ၁ ရက်နေ့ တွင် Sergant ဆွန်ခိုပေါင် သည်ဒုဗိုလ်၊ နောက်မကြာမီတွင် ဗိုလ်ရာထူး အထိ တိုးမြှင့်ခြင်းခံရသည်။ Chindit အထူးတပ်သည် ၁၉၄၄ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်၍ ထိုးစစ် ဆင်နွှဲခဲ့ရာ ဂျပန်တို့အား အသာစီးရရှိပြီး မြန်မာပြည်ဘက်သို့ ဝင်ရောက်ထိုးဖောက်နိုင်ခဲ့ကြသည်။ ထိုသို့စစ်ဆင်နေချိန်တွင် သူ့အား ဗိုလ်ကြီးအဖြစ် ရာထူးတိုးပေးခဲ့ပြီး သူကိုယ်တိုင် တပ်စုတစ်ခုအား ဦးဆောင်ရင်း Chindit တပ်ဖွဲ့နှင့်အတူ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သည်။
Chindit တပ်သည် ဂျပန်တပ်များကို အိန္ဒိယနှင့် ချင်းတောင်တန်းများမှ မောင်းထုတ် နိုင်ခဲ့သည်။ ဒုတိယ အမ္ဘာစစ်ကြီး ပြီးဆုံးသွားသည့်အချိန်တွင် သူသည် မြန်မာပြည်သို့ပြန်လာခဲ့ပြီး ဗိုလ်မှူးရာထူးသို့ တိုးမြှင့်ခြင်း ခံရလေသည်။
ငယ်ဘဝ၊ ပညာရေးနှင့် ဗြိတိသျှစစ်တပ်သို့ အမှုထမ်းခြင်း
ဗိုလ်မှူးကြီး ဆွန်ခိုပေါင်သည် ၁၉၂ဝ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် U Huat Vum နှင့် Daw Vung Kho Dim တို့မှ တီးတိန်မြို့နယ်၊ ထုတ်လိုင်ရွာတွင် ဖွားမြင်ခဲ့သည်။ သူသည် ထုတ်လိုင်ရွာ အစိုးရ မူလတန်းကျောင်း၌ စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့ပြီးနောက် ဖလမ်းမြို့အလယ်တန်းကျောင်း၌ နဝမ တန်းအောင်မြင်သည်အထိ ပညာသင်ယူခဲ့သည်။ ထိုခေတ်ကာလ ချင်းတောင်တန်းဒေသ တွင် အထက်တန်း ကျောင်းဆင်းပြီး အစိုးရဝန်ထမ်း အလုပ် နှင့် လယ်ယာလုပ်ငန်းမှလွဲ၍ အခြားလုပ်ကိုင်ရန် လုပ်ငန်းများ မရှိခဲ့ပေ။
ဗြိတိသျှတပ်မတော် မှ စစ်သားများကို လစာကောင်းကောင်းပေးသည့်အပြင်၊ စစ်ထဲဝင်လျင် မြေပြန့် ဒေသ များသို့ သွားရောက် စွန့်စားခွင့် ရရှိနိုင်ကြသဖြင့် ချင်း လူငယ် တော်တော်များများမှာ စစ်ထဲသို့ ဝင်ကြ သည်က များလေသည်။ အခြားချင်းလူငယ်များကဲ့သို့ ဆွန်ခိုပေါင် သည်လည်း ပြင်ဦးလွင် (မေမြို့) ရှိ အမှတ် (၂) ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် ၁၉၃၉ ခုနှစ်မှစတင် ပြီး တပ်သားအဖြစ် အမှုထမ်းဆောင်ခဲ့သည်။
ဆွန်ခိုပေါင် ဗမာ့သေနတ်ကိုင်တပ်ရင်း တွင်စတင် အမှု ထမ်းဆောင်ပြီး များမကြာမီတွင် ဒုတိယ ကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားခဲ့သည်။ မြန်မာပြည်အား ဗြိတိသျှကိုလိုနီ လက်အောက်မှ ကယ်တင်ရန်အတွက် ဒုဗိုလ်ချုပ် Shojiro Iida ဦးဆောင်သော ဂျပန်တပ်မတော်မှ တပ်မ ၁၅ သည် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ စီးနင်း ဝင်ရောက်ခဲ့သည်။ တပ်မ ၁၅ သည် မြိတ် နှင့် ထားဝယ် လေယဉ်ကွင်းတို့အား အလွယ် တကူ သိမ်းပိုက်နိုင်ခဲ့ကြသည်။
ဂျပန်ခြေလျင်တပ်ရင်း အမှတ် ၃၃ နှင့် ၅၅ တို့သည်လည်း မြန်မာပြည် တောင်ပိုင်း နှင့် အလယ်ပိုင်းအား ဝင်ရောက်သိမ်းပိုင်နိုင်ခဲ့ သဖြင့် ဗြိတိသျှတပ်များသည် လည်း အန္ဒိယသို့ ဆုတ်ခွာ ခဲ့ရသည်။ ၁၉၄၂ ဇန်နဝါရီလကုန်အထိ ဂျပန်တပ်မတော် နှင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာ့ လွတ်လပ်ရေးတပ်မတော် တို့သည် မြဝတီ မှ ထားဝယ် အထိ သိမ်းပိုက် နိုင်ခဲ့ကြသည် ။
ဗြိတိသျှတပ်မတော်မှ ဗမာသေနတ်ကိုင်တပ်ရင်း (၂) သည်လည်း မော်လမြိုင်မှ အိန္ဒိယနိုင်ငံ သို့ ဆုတ်ခွာ ကြရသည်။ ထိုအချိန်တွင် ဆွန်ခိုပေါင် သည် တပ်စုတပ်ကြပ်ကြီး (Platoon Sergant) အ ဖြစ် ဗမာသေနတ်ကိုင် တပ်ရင်း (၂) နှင့်အတူ အိန္ဒိယနိုင်ငံသို့ ဆုတ်ခွာခဲ့ရသည်။
အိန္ဒိယနိုင်ငံတွင် ဗြိတိသျှတပ်သားများ ပြန်လည်စုစည်းခဲ့ကြပြီး ပြောက်ကျားစနစ်ဖြင့် မြန်မာပြည်တွင်း သို့ ပြန်လည် ဝင်ရောက်ထိုးဖောက်ရန် ပြင်ဆင်ခဲ့ကြသည်။ ထိုသို့တိုက်ခိုက်ရန်အတွက် အထူး Chindit (ခြင်္သေ့) တပ်ဖွဲ့အား ဗြိတိသျှ တမ်မတော်မှ ဖွဲ့စည်းခဲ့သည်။
ထိုအထူးတပ်ဖွဲ့အား ဦးဆောင်သူမှာ ဗိုလ်ချုပ်ကြီး Orde Charles Wingate ဖြစ်သည်။ ၁၉၄၃ ခုနှစ် စောစော ပိုင်းတွင် ဗြိတိသျှ ၏ Chindit တပ်သည် ဂျပန်တို့အား စစ်ဆင်ခဲ့သော်လည်း ဂျပန်တပ်များက တိုက်ခိုက် တွန်းလှန်နိုင်ခဲ့ရာမှ အိန္ဒိယသို့ ပြန်လည် ဆုတ်ခွာခဲ့ရသည်။ နောက် တစ်ဖန် Chindit တပ်သည် ဂျပန်တပ်များအား တိုက်ခိုက်ရန် ပြင်ဆင်နေချိန် ၁၉၄၄ မေလ ၁ ရက်နေ့ တွင် Sergant ဆွန်ခိုပေါင် သည်ဒုဗိုလ်၊ နောက်မကြာမီတွင် ဗိုလ်ရာထူး အထိ တိုးမြှင့်ခြင်းခံရသည်။
Chindit အထူးတပ်သည် ၁၉၄၄ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်၍ ထိုးစစ် ဆင်နွှဲခဲ့ရာ ဂျပန်တို့အား အသာစီးရရှိပြီး မြန်မာပြည်ဘက်သို့ ဝင်ရောက်ထိုးဖောက်နိုင်ခဲ့ကြသည်။ ထိုသို့စစ်ဆင်နေချိန်တွင် သူ့အား ဗိုလ်ကြီးအဖြစ် ရာထူးတိုးပေးခဲ့ပြီး သူကိုယ်တိုင် တပ်စုတစ်ခုအား ဦးဆောင်ရင်း Chindit တပ်ဖွဲ့နှင့်အတူ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သည်။ Chindit တပ်သည် ဂျပန်တပ်များကို အိန္ဒိယနှင့် ချင်းတောင်တန်းများမှ မောင်းထုတ် နိုင်ခဲ့သည်။ ဒုတိယအမ္ဘာစစ်ကြီး ပြီးဆုံးသွားသည့်အချိန်တွင် သူသည် မြန်မာပြည်သို့ပြန်လာခဲ့ပြီး ဗိုလ်မှူးရာထူးသို့ တိုးမြှင့်ခြင်းခံရလေသည်။
Post a Comment