Header Ads

test

ရခိုင်ရှိချင်းတို....

 


 ရခိုင်ပြည်နယ်ရှိ ချင်းလူမျိုးတို့တွင် လူဦးရေအများဆုံးမှာ မြို ( ခမိ ) သို့မဟုတ် မြို ( ဝါကုန်း) လူမျိုးဖြစ်၏။ လူဦးရေ ၁၂ဝ⁠ဝဝဝ မျှရှိ၍ စစ်တွေခရိုင်တွင် ၃ ပုံ ၂ပုံ၊ ရခိုင်တောင်တန်းဒေသတွင် ၃ ပုံ ၁ ပုံ ပျံ့နှံ့လျက် ရှိသည်။ အခြားချင်းလူမျိုးများမှာ ပခုက္ကူ တောင်တန်းနယ်ရှိ ချင်းပုန်း၊ ယင်ဒူးတို့နှင့် နွယ်သော ပို၊ မုံယင်၊ ကို၊ ကယင်တို့ ဖြစ်သည်။ ယင်းတို့ကို ကျောက်ဖြူနှင့် စစ်တွေခရိုင်တွင် တွေ့ရ၏။ ခမွီ သို့မဟုတ် ခမွေတို့ကို ရခိုင် တောင်တန်း ဒေသ၊ စစ်တစ်ကောင်းခရိုင် တောင်ကုန်းဒေသတို့ တွင် တွေ့ရ၏။ အရိုင်းနှင့် အဝဟု ၂ မျိုး ကွဲသေးသည်။ အရိုင်းခမွီတို့အား တစ်နည်းအားဖြင့် အဖျားခမွီဟုလည်း အချို့ တို့က ခေါ်သည်။

အခြားချင်းအမျိုးများမှာ ရခိုင်တောင်တန်းဒေသရှိ တောင်ဆို (၁ဝ⁠ဝဝ)၊ စစ်တွေခရိုင်ရှိ ကောကဒန် (၃ဝဝ)၊ ကျောက်ဖြူခရိုင်တွင် အများဆုံးတွေ့ရသော လဲဒူ (၁၇ဝဝ)၊ စစ်တု (၅ဝ⁠ဝဝ)၊ မတု (၁၅ဝ)နှင့် ချောင်းကြီးချင်း (၃၆) တို့အပြင် ကျောက်ဖြူနယ်အတွင်းတွင် အများဆုံး အခြေတည် နေထိုင်၍ သံတွဲနယ်အတွင်းတွင် အနည်းအကျဉ်းသာ နေထိုင် သည်ကို တွေ့ရသော စိုင်ဘောင်ချင်း (၈ဝ⁠ဝဝ)တို့ ဖြစ်လေ သည်။

အထူးသဖြင့် တီးတိန်နယ်မှ ချင်းတို့သည် ကုန်းဘောင် ခေတ် မြန်မာဘုရင်များလက်ထက် စော်ဘွားနယ်အဖြစ် ဖွဲ့စည်း ထား၍ ခေါင်းဆောင်တို့မှာ စော်ဘွားအဖြစ် ချီးမြှင့်ခြင်းခံခဲ့ ရသော လူမျိုးများဖြစ်ပေသည်။ ထိုစဉ်ကတည်းကပင် မြန်မာနိုင်ငံ၏ အရေးတွင် ပါဝင်ဆောင်ရွက်လိုသော တိုင်းရင်းသား များ ဖြစ်၏။ အထက်မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်ပြီး နောက် ချင်းတောင်တွင် အုပ်ချုပ်မှုအခြေစိုက်ရန် ကြိုးစားရာ တွင် ၁၈⁠၈၈ ခုနှစ်မှ ၁၈၉၆ ခုနှစ်ထိ ဗြိတိသျွတို့ကို ခုခံ တိုက်ခိုက်ခဲ့ကြသည်။ အခြေစိုက် အုပ်ချုပ်မိသည့် တိုင်အောင် ၁၉၁၇၊ ၁၈ ခုနှစ်တွင် ဟားခါးနှင့် ကုကီချင်းတို့က ၂ နှစ် ကြာမျှ တော်လှန်တိုက်ခိုက်ခဲ့ကြ၏။

ပထမကမ္ဘာစစ်အတွင်း ၁၉၁၇ ခုနှစ်က ချင်းအမျိုးသား ၁ဝ⁠ဝဝ ခန့်ကို အလုပ်သမားတပ်အဖြစ် ပြင်သစ်နိုင်ငံသို့ ဗြိတိ သျှတို့က ပို့ခဲ့လေသည်။ ၁၉၂၁ ခုနှစ်တွင် အမှတ် ၄/၂ဝ ချင်းသေနတ်ကိုင်တပ်ကို ဖွဲ့ခဲ့၏။ ၁၉၃၇ ခုနှစ်တွင် အိန္ဒိယပြည်နှင့် မြန်မာပြည် ခွဲခွာပြီးသည့်နောက်သော် မြန်မာသေနတ်ကိုင်တပ်များ ဖွဲ့စည်းရာတွင် တပ်တိုင်း၌လိုလိုပင် ချင်းအမျိုး သားတို့ ဝင်ရောက်အမှုထမ်းခဲ့သည်ကို တွေ့မြင်သိရှိရပေသည်။ လွတ်လပ်ရေးရပြီးသည့်နောက် ချင်းအမျိုးသားတို့မှာ များစွာ နိုးကြားတိုးတက်လာ၏။ 

တောင်တန်း ဗုဒ္ဓသာသနာပြု အဖွဲ့၏ ကြိုးစားမှုကြောင့် ချင်းအချို့တိုသည် ဗုဒ္ဓအယူဝါဒကို စတင်ယုံကြည် လာကြလေပြီ။ အုပ်ချုပ်မှုဘက်တွင် ချင်းဝိသေသတိုင်းဟု သတ်မှတ်ကာ ဝန်ကြီးတစ်ဦးက ဦးဆောင်၍ အုပ်ချုပ်လေရာ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေး နှင့် ကျန်းမာရေးတို့ဖက်တွင် ထူးခြားစွာ တိုးတက်လာသည်နှင့် အမျှ ချင်းဝိသေသတိုင်းသည် ယခုအခါ ပြည်ထောင်စုအတွင်း၌ ခေတ်နှင့် ရင်ဘောင်တန်း လိုက်နိုင်အောင် ကြိုးစား တိုးတက် လျက် ရှိပေသည်။ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ကို ချင်းအမျိုး သားနေ့ဟု ပြည်ထောင်စုအစိုးရက အသိအမှတ်ပြုထားလေသည်။ ( Source ; Chin Wikipedia)

No comments

LAND of CANAAN

    Canaan is an ancient term for a region approximating present-day Israel , the West Bank and the Gaza Strip , plus adjoining coastal la...