Header Ads

test

CLICK to DONATE

 Support Radioနာရီနဲ့ချီပြီး ပုံမှန် Click လုပ်​နေတဲ့သူ မဟုတ်ဘူးဆို တစ်​နေ့ကို ၁၅ မိနစ်​လောက်​လေးပဲ အချိန်​ပေးပြီး ပါဝင်​ပေးပါလားခင်ဗျာ။ နှစ်သက်ရာ၊ အဆင်​ပြေရာကို ​ရွေး Click လို့ ရပါတယ်။
 

ခုနက C2D က ပို့စ်တင်ထားတာ ​တွေ့လိုက်တယ်။ ပုံမှန်ပါဝင်​နေသူ အ​ရေအတွက် ၃ ​သောင်းခွဲ ရှိတယ်တဲ့။ အဲဒါ​တောင် တစ်လကို သိန်း ၇ ​ထောင်​လောက် ရပါတယ်။ စဥ်းစားကြည့်ပါ။ ၃ သိန်းခွဲဆို ဘယ်​လောက်ဖြစ်သွားမလဲ။ပြီး​တော့ ကိုယ့်အိတ်ထဲက စိုက်ထုတ်လိုက်ရတဲ့ ​ငွေ​တွေလည်း မဟုတ်ပါဘူး။ အပြင်က​နေ သပ်သပ်ဝင်လာတာ​တွေပါ။


မီးပျက်တာ​တွေ၊ တခြား​သော အလုပ်​တွေ ရှိ​နေတာ နားလည်​ပေမဲ့ တစ်​နေ့ ၁၅ မိနစ်​လောက်​တော့ ​ပေးနိုင် ကြမယ် ထင်ပါတယ်။ ဒီ​တော်လှန်​ရေး နိုင်သွားရင် အကျိုးခံစားရမဲ့အထဲ ကိုယ်လည်း ပါတယ်မို့လား။ 

Toilet ဝင်ရင်းဖြစ်ဖြစ်​တော့ အဲ့​လောက်အချိန်​လေး ​ပေးကြ​စေချင်ပါတယ်။ ​တော်လှန်​ရေး ဘယ်​တော့ ပြီးမလဲ၊ NUG က ဘာအာမခံချက် ​ပေးမလဲ ​မေးကြတယ်။ ကျ​နော်တို့လည်း ​ဝေဖန်​ရေးကို ယုံပါတယ်။ ​ခေါင်း​​​ဆောင်မှု ဟာ အခရာကျမှန်းလည်း သိပါတယ်။ 

ဒါ​ပေမဲ့ ခုအ​​ခြေအ​နေက မိုးထဲ​လေထဲ ​ရောက်​နေတာပါ။ ဘတ်ဂျက်ကို ဘီလီယံနဲ့ချီ ရထားပြီး ပုံမှန်လည်ပတ်​နေတဲ့ တင်းပြည့်ကျပ်ပြည့် ဒီမိုက​ရေစီအစိုးရ မဟုတ်ပါဘူး။ ဒါ​ကြောင့် ကိုယ်တိုင်​ရော ဘယ်​လောက် ပါဝင်ပြီးပြီလဲ၊ ဘာ​တွေ အင်တိုက်အားတိုက် လုပ်​နေသလဲ ဆိုတာကို အရင်​မေးကြည့်​စေချင်ပါတယ်။
 

အသက်​တွေ​ပေးဖို့၊ လမ်း​ပေါ်ထွက်ဖို့၊ ​တောထဲသွားဖို့ ​ပြော​နေတာ မဟုတ်ပါဘူးခင်ဗျာ။ ကိုယ့်အိမ်မှာ ​ဘေးမသီ ရန်မခ မိသားစု စုံစုံလင်လင်နဲ့ ​နေ​နေရင်းကို တစ်​နေ့တာထဲက မိနစ်အနည်းငယ်၊ တစ်လစာထဲက ဝင်​ငွေအနည်းငယ် ​​တော်လှန်​ရေးထဲ ထည့်ဝင်​ပေးကြဖို့ပါပဲ။

No comments

LAND of CANAAN

    Canaan is an ancient term for a region approximating present-day Israel , the West Bank and the Gaza Strip , plus adjoining coastal la...