Header Ads

test

  Social Media Advertising Illustration (#3275819) - HD Wallpaper &  Backgrounds Download

ကြော်ငြာအမျိုးအစား သုံးခု

1/ Rewarded video
2/ Full screen
3/ Banners  ဆိုပီးတော့ သုံးမျိုး သုံးစားရှိပြီး ဘယ်ကြော်ငြာ အမျိုးအစားက အများဆုံးလာသလဲဆိုတာ ကလစ်နှိပ်တဲ့သူတိုင်းသိမှာပါ၊
 

(1)Rewarded video (ads)

Rewarded video ကြော်ငြာဆိုတာ သုံးစွဲသူများကို မျက်နှာပြင်အပြည့် ကြော်ငြာကို ကြည့်ရှုသည့် အချိန် အတွက် လဲလှယ်ပေးတဲ့ ပုံစံတစ်ခုပါ  ဥပမာ သင့်တွင် အက်ပ်အတွင်းအကြွေစေ့ငွေကြေးပါသည့် မိုဘိုင်းဂိမ်းတစ်ခုရှိပါက၊ 30 စက္ကန့်ကြာ မျက်နှာပြင်အပြည့်ကြော်ငြာကြည့်ခြင်းဖြင့် အသုံးပြုသူများအား အကြွေစေ့များနှင့်အတူ ဆုချနိုင်သည်။( Source: Google)
 

ကိုယ်က သူတို့ကြော်ငြာတဲ့ Rewarded video ကြော်ငြာအမျိုးအစားကို သူသတ်မှတ်ထားတဲ့ စက္ကန့် (အချိန်)ပြည့်အောင် ကြည့်ပေးခြင်းအားဖြင့် app developer တွေကပေးတဲ့ အပိုဆုတွေရပါတယ်ပေါ့ ( ဒီလိုမျိုး ကိုယ်က သူတို့ Appမှာ ထည့်သွင်းထားတဲ့ ကြော်ငြာကို အပြည့်ကြည့်ပေးတယ်။
အဲ့တာ ကြောင့် developerတွေ{ C2D admin}က ပိုက်ဆံရတယ်။ အဲ့လိုရတဲ့အတွက်ကြောင့် သူတို့ဘက်ကနေ ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ကိုယ့်ကိုတစ်ခုခုပြန်ပေးပါတယ် အဲ့လိုပြောတာပါ။
 

(2)Full screen (ads) ကြားဖြတ်ကြော်ငြာ

ကြားဖြတ်ကြော်ငြာများသည် ၎င်းတို့၏ လက်ခံဆောင်ရွက်ပေးသည့် App ၏ အတွင်း screen ကို ဖုံးအုပ် ထားသည့် မျက်နှာပြင်အပြည့်ကြော်ငြာများဖြစ်သည်။  ၎င်းတို့ကို ပုံမှန်အားဖြင့် လုပ်ဆောင်ချက်များကြား သို့မဟုတ် ဂိမ်းတစ်ခုရှိ အဆင့်များကြားတွင် ခေတ္တနားနေချိန်ကဲ့သို့သော Appတစ်ခု၏ စီးဆင်းမှုတွင် သဘာဝ အကူးအပြောင်းအချက်များတွင် ပြသသည်။


Full screen ကလည်း Rewarded Video လို သူသတ်မှတ်ထားတဲ့ စက္ကန့်(အချိန်) အပြည့်ကြည့်ပေးရတာပါပဲ That is Full Screen Ads:

(3) Banners (သို့) နဖူးစည်းကြော်ငြာ

နဖူးစည်းကြော်ငြာများသည် စာသားအခြေခံထက် ရုပ်ပုံအခြေခံပြီး အွန်လိုင်းကြော်ငြာများ၏ ရေပန်းစားသောပုံစံတစ်ခုဖြစ်သည်။  နဖူးစည်းကြော်ငြာ၏ ရည်ရွယ်ချက်မှာ အမှတ်တံဆိပ်တစ်ခုအား ကြော်ငြာရန်နှင့်/သို့မဟုတ် ကြော်ငြာသူ၏ဝဘ်ဆိုက်သို့ လည်ပတ်သူများထံသို့ လက်ခံရရှိသည့်ဝဘ်ဆိုဒ်မှ လာရောက်လည်ပတ်သူများ ရရှိစေရန်ဖြစ်သည်။
ကလစ်တဲ့ခါ ကြော်ငြာခက ဘယ်လိုရသလဲ? ဒီအပိုင်းက တော်တော်စိတ်၀င်စားဖို့ ကောင်းတယ်။ သူက CPMနဲ့ eCPMဆိုပီး နှစ်မျိုးရှိတယ်။
(၁) အလွယ်ဆုံးပြောရရင် CPMဆိုတာ ကြော်ငြာထည့်သွင်းတဲ့သူတွေက လူ၁၀၀၀ကို သူတို့ကြော်ငြာ ပြပေးရင် ဘယ်လောက်နှုန်းထားဆိုပီး ကြော်ငြာထည့်သွင်းခပေးတဲ့သဘောပါ။  သူရဲ့ formulaက
             ကြော်ငြာအသုံးစရိတ်
CPM = ________________×1000
  ပြ‌ခိုင်းသည့်ကြော်ငြာအ‌ရေအတွက်
              20$
ဥပမာ - ______×1000= 10$
             2000
အဲ့ဒီတော့ လူအယောက်တစ်ထောင်ရဲ့ ဖုန်းမျက်နှာပြင်မှာ ကြော်ငြာဖို့ 10$အသုံးပြုတယ်လို့ ယူဆလို့ရပါတယ်။
 

(၂) ဒုတိယ တစ်ခု eCPM သူက Developer ( click app adminတွေနဲ့ ဆိုင်ပါတယ်)
eCPMရဲ့ formulaက တစ်ရက်စာနဲ့ တွက်ထားတာပါ။
                ယနေ့ရငွေ(ခန့်မှန်း)
eCPM = _______________×1000
              အသုံးပြုသူအရေအတွက်
             200000ks
ဥပမာ - ________× 1000=100000
                                              ks
              2000ယောက်
ဒီနေ့ ရငွေက 2,00,000ksရတယ် appအသုံးပြုသူက 2000ရှိတယ်ဆိုရင် လူအယောက်1000အတွက် ကြော်ငြာ ပိုင်ရှင်က 1,00,000ks သုံးတယ်လို့ ယူဆရပါမယ် ။( C2D)

No comments

LAND of CANAAN

    Canaan is an ancient term for a region approximating present-day Israel , the West Bank and the Gaza Strip , plus adjoining coastal la...