Header Ads

test

COOKIES ဆိုတာ ဘာလည်း?

 How to manage cookies in Opera - Blog | Opera News

 -Cookiesဆိုတာက စစချင်း တီထွင်ခဲ့တုန်းကတော့ ကျွန်တော်တို့ သုံးတဲ့ user preferencesကို အထောက်အကူ ပေးတဲ့ document file သေးသေးလေးပါပဲ.။

ဆိုပါစို့ ကျွန်တော်တို့ websiteတစ်ခုဖွင့်လိုက်တဲ့အခါ ဘယ်languageနဲ့ဖတ်မလည်း ရွေးချယ်ရတာ မြင်ဖူး မှာပါ…။ ကျွန်တော်တို့က engကိုရွေးလိုက်ပြီဆိုပါစို ကျွန်တော်တို့ အဲ့လိုရွေးဖြစ်တယ်ဆိုတာကိုWebsite ကနေပြီး Cookies fileအဖြစ်နဲ့ ကျွန်တော်တို့computerမှာသိမ်းထားပေးပါတယ်🧐

နောက်တစ်ကြိမ်အဲ့websiteထဲ၀င်ကြည့်ရင် ကျွန်တော်တို့ languageကိုထပ်ရွေးစရာမလိုတော့ပဲ engကို auto ပြပေးသွားမှာပါ...။

ဒါက cookiesတွေရဲ့ အခြေခံလုပ်ဆောင်ချက်ပါ.. တကယ်တမ်းတော့ သူက ဒီလို document file သေးသေး လေးကို လုပ်ဆောင်ရတာထက် ပိုပါတယ်😯….cookieထဲမှာ informationတွေအကုန် ပါနိုင်ပါတယ်🤯

ကျွန်တော်တို့ website ထဲ၀င်ကြည့်လိုက်တဲ့ အချိန်လည်း cookieထဲမှာပါနိုင်တယ် ကျွန်တော်တို့ click လုပ် လိုက် တဲ့ linkတွေလည်း cookie fileထဲမှာပါနိုင်တယ်။

ကျွန်တော်တို့ ecommerce websiteမှာ ၀ယ်ယူလိုက်တဲ့ပစ္စည်းစားရင်းတောင် cookie fileထဲမှာ ပါနိုင်ပါ သေးတယ်…ဒါပေမယ့် ဒီcookie fileတွေကိုအကုန်လုံးက မြင်နိုင်တာတော့မဟုတ်ပါဘူး…။

ဉပမာ ပထမwebsiteကနေ ကျွန်တော်တို့ languageကို engရွေးချယ်ခဲ့ပြီး..ပြန်ထွက်ပြီး နောက်websiteကို သွားပေမယ့် နောက်websiteကတော့ languageကို engနဲ့ရွေးထားတဲ့ cookie fileကို ဖတ်နိုင်မှာမဟုတ်ပါဘူး။

cookie fileတွေက textတွေအများကြီးအဖြစ်သိမ်းထားတဲ့ document fileသေးသေးလေးတွေဖြစ်ပြီး အစပိုင်းကတော့ ဒီလို Basic needsတွေအတွက်ရည်ရွယ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ developersတွေက cookiesတွေရဲ့ အခန်းကဏ္ဏကို ပိုမိုတွင်ကျယ်စွာသုံးနိုင်ဖို့ကြိုးစားလာပါတယ်။

cookiesကနေ userတွေရဲ့ အကြိုက်တွေကို သိပြီးအဲ့အကြိုက်တွေကတစ်ဆင့် websitesတွေကို ပိုမို ကောင်း မွန်အောင် developeလုပ်လို့ရမှန်းကိုနားလည်ပြီးတဲ့နောက်မှာ cookiesတွေက သာမန် preferences တွေကို သိမ်းပေးတာထက်ပိုလာပါတော့တယ်။

ကျွန်တော်တို့ရဲ့ developers တွေဟာ တဖြည်းဖြည်း ဉာဏ်ကောင်းလာခဲ့ကြပါတယ်။. သူတို့ဟာ cookies တွေက တစ်ဆင့် userတွေရဲ့ လိုအပ်ချက်တွေကို ပိုပြီးသိလို့ရမှာကို နားလည်လာတော့ cookiesတွေကို ပိုပြီး data ‌တွေသိမ်းထားနိုင်ဖို့ကြိုးစားလာကြပါတယ်။

 ဒီလိုနဲ့ cookiesတွေထဲမှာ IDတွေကိုထည့်ထားပြီး အဲ့IDကနေတစ်ဆင့် သူတို့ရဲ့ ကိုယ်ပိုင်databaseနဲ့ ဆက်သွယ် ထားလိုက်ကြပါတယ် အဲ့လိုကနေတစ်ဆင့် အချက်အလက်တွေကို ကိုပိုကျယ်ကျယ် ပြန့်ပြန့် သိုလှောင် နိုင်လာကြပါတယ်။ ( Crd: Ko Hlaing Min Than)

No comments

LAND of CANAAN

    Canaan is an ancient term for a region approximating present-day Israel , the West Bank and the Gaza Strip , plus adjoining coastal la...